Posts

ကမ်းခြေမှာ လမ်းလျှောက်ရင်း ဒေါ်လာ ၃၂၀,၀၀၀ တန်တဲ့ ဝေလငါးအန်ဖက်လုံးကြီးကို တွေ့ရှိခဲ့တဲ့ ဆင်းရဲသားတံငါသည်တစ်ဦး

Image
  ထိုင်းနိုင်ငံက အသက် 55 နှစ်အရွယ် Jumrus Thiachot အမည်ရှိ ဆင်းရဲသားတံငါသည်တစ်ဦးဟာ ယခု နှစ်အစောပိုင်းက Koh Samui ကမ်းခြေမှာ လမ်းလျှောက်ထွက်စဉ် ဝေလငါးအန်အလုံးအလုံးများကို ပထမဆုံးတွေ့ရှိခဲ့ပါတယ် ။ရှာဖွေတွေ့ရှိမှုဟာ တကယ့်လက်တွေ့ဖြစ်မဖြစ်ကို သူပထမဆုံးစတွေ့တုန်းက မသေချာခဲ့ပါဘူး ။ ကံကောင်းထောက်မစွာ Thiachot က ၎င်းကို အိမ်သို့ယူဆောင်လာပြီး ၎င်းရဲ့ခြံမှာ သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းမှာ ၎င်းတို့ရဲ့ စမ်းသပ်မှုများ မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့ ပြီး ဝေလငါးက အမှန်တကယ် အန်ခြင်းရှိ၊ မရှိ အတည်မပြုနိုင်ပါဘူး ။ “ဝေလငါးအော့အန်တာကို တွေ့တယ်လို့ ကျွန်တော့်တူဖြစ်သူက ရွာသူရွာသားတွေကို ပြောပြပြီးနောက် အိမ်နီးနားချင်း သုံးယောက်က လာကြည့်ခဲ့ပါတယ်” လို့ Thiachot က The Sun သို့ ပြောကြားခဲ့ပါတယ် ။ နောက်ဆုံးမှာ Thiachot က အဖုကိုစစ်ဆေးရန် အထူးကုများထံရောက်လာပြီး နောက်ပိုင်းမှာ ဆိုင်ရာအစိုးရထံ ဆက်သွယ်ခဲ့ပါတယ် ။ ။“အမှန်အတိုင်း သိဖို့လိုတယ် ဒါကြောင့်မို့လို့ အာဏာပိုင်တွေကို စစ်ဆေးဖို့ ဆက်သွယ်တယ်။ အခု ဝေလငါး အန်ဖတ်အစစ်မှန်းသိလို့ ရောင်းမယ်” ဆိုပြီး Thiachot က ပြောပါတယ် ။ Surat Thani ပြည်နယ်...

မြွေအကောင် တစ်ထောင်နဲ့ အတူတူနေတဲ့ မြွေဟောက်ဘုရင်မ

Image
  မြွေအကောင် တစ်ထောင်နဲ့ အတူတူနေတဲ့ မြွေဟောက်ဘုရင်မ(Cobra Queen)။ တရုတ်နိုင်ငံမှာ မြွေဟောက်ဘုရင်မဆိုပြီး နာမည်ကြီးနေတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။တရုတ်ရဲ့ Cobra Queen လို့ခေါ်ကြတဲ့ လူသိများရတဲ့ အကြောင်းအရင်းကတော့ မြွေတွေအများကြီး မွေးမြူထားလို့ပါ။ သူမရဲ့ နာမည်ကတော့ Hu Xiaoxia ပါ။ Hu Xiaoxia ဟာ Chongqing ဆိုတဲ့မြို့မှာ ကိုယ်ပိုင်မြွေသားဖောက်မွေးမြူထားတဲ့ ခြံတစ်ခြံပိုင်ဆိုင်ထားသူပါ။ အဲ့ဒီမှာ မြွေတွေအများကြီးကို မွေးမြူစောင့်ရှောက်ထားတာပါ။ မြွေတွေကို (၂၀၁၄) တည်းက မွေးလာခဲ့တာဖြစ်ပြီး အကောင်ရေ တစ်ထောင်လောက်ရှိတယ်လို့ သိရပါတယ်။ မြွေတွေနဲ့ပတ်သက်ပြီး အများကြီး သင်ယူလေ့လာခဲ့ပါတယ်။ သူမမွေးမြူထားတဲ့ မြွေတွေက အမျိုးအစားတစ်ခုတည်းမဟုတ်ပါဘူး။ အမျိုးအစား မျိုးစုံဖြစ်ပြီး မြွေဟောက်လည်း ပါပါတယ်။ မြွေတွေမွေးထားတဲ့ အခန်းကို သန့်ရှင်းရေး လုပ်တဲ့ အလုပ်နဲ့ သူမရဲ့တစ်နေ့တာမနက်ခင်းကို စတင်သူပါ။မြွေတွေ နေဖို့အတွက် အပူချိန်နဲ့စိုထိုင်းဆ အဆင်ပြေ၊မပြေ စစ်ဆေးပေးရတယ်လို့ Hu ကပြောပါတယ်။ Hu က မြွေဝိုင်ဆိုပြီးတော့လည်း ထုတ်ရောင်းပါတယ်။ အဲ့ဒီဝိုင်ဟာ ဆေးဖက်ဝင်တယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်ဆိုပြီး ဒေသခံတွေကတော့...