ကမ်းခြေမှာ လမ်းလျှောက်ရင်း ဒေါ်လာ ၃၂၀,၀၀၀ တန်တဲ့ ဝေလငါးအန်ဖက်လုံးကြီးကို တွေ့ရှိခဲ့တဲ့ ဆင်းရဲသားတံငါသည်တစ်ဦး

 




ထိုင်းနိုင်ငံက အသက် 55 နှစ်အရွယ် Jumrus Thiachot အမည်ရှိ ဆင်းရဲသားတံငါသည်တစ်ဦးဟာ ယခု နှစ်အစောပိုင်းက Koh Samui ကမ်းခြေမှာ လမ်းလျှောက်ထွက်စဉ် ဝေလငါးအန်အလုံးအလုံးများကို ပထမဆုံးတွေ့ရှိခဲ့ပါတယ် ။ရှာဖွေတွေ့ရှိမှုဟာ တကယ့်လက်တွေ့ဖြစ်မဖြစ်ကို သူပထမဆုံးစတွေ့တုန်းက မသေချာခဲ့ပါဘူး ။ ကံကောင်းထောက်မစွာ Thiachot က ၎င်းကို အိမ်သို့ယူဆောင်လာပြီး ၎င်းရဲ့ခြံမှာ သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းမှာ ၎င်းတို့ရဲ့ စမ်းသပ်မှုများ မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့ ပြီး ဝေလငါးက အမှန်တကယ် အန်ခြင်းရှိ၊ မရှိ အတည်မပြုနိုင်ပါဘူး ။

“ဝေလငါးအော့အန်တာကို တွေ့တယ်လို့ ကျွန်တော့်တူဖြစ်သူက ရွာသူရွာသားတွေကို ပြောပြပြီးနောက် အိမ်နီးနားချင်း သုံးယောက်က လာကြည့်ခဲ့ပါတယ်” လို့ Thiachot က The Sun သို့ ပြောကြားခဲ့ပါတယ် ။ နောက်ဆုံးမှာ Thiachot က အဖုကိုစစ်ဆေးရန် အထူးကုများထံရောက်လာပြီး နောက်ပိုင်းမှာ ဆိုင်ရာအစိုးရထံ ဆက်သွယ်ခဲ့ပါတယ် ။ ။“အမှန်အတိုင်း သိဖို့လိုတယ် ဒါကြောင့်မို့လို့ အာဏာပိုင်တွေကို စစ်ဆေးဖို့ ဆက်သွယ်တယ်။ အခု ဝေလငါး အန်ဖတ်အစစ်မှန်းသိလို့ ရောင်းမယ်” ဆိုပြီး Thiachot က ပြောပါတယ် ။

Surat Thani ပြည်နယ်အုပ်ချုပ်ရေးမှူး Witchawuth Jinto ရဲ့ ပြောကြားချက်အရ အဆိုပါအဖုက အမှန် တကယ် အဖိုးတန်တဲ့ ဝေလငါးအန်အလုံးကြီးဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ် ။ မထင်မှတ်ဘဲ ရှာဖွေ တွေ့ရှိမှုအပြီးမှာ Jinto က ၎င်းတို့ဟာ တစ်လုံးတစ်ခဲရဲ့ အကောင်းဆုံးဈေးနှန်းကို ရရှိရန်အတွက် ဘာ လုပ်သင့်လဲဆိုတာကို အကြံပေးမယ်လို့ ပြောကြားခဲ့ပါတယ် ။

Thiachi ရဲ့ရှာဖွေတွေ့ရှိခဲ့တဲ့ ဝေလငါးအန်ဖတ် သို့မဟုတ် ambergris လို့လည်းသိကြတဲ့ အဆိုပါ ဝေလငါး အလုံးက အမေရိကန်ဒေါ်လာ ၃၂၀,၀၀၀ အထိ တန်ကြေးရှိပါတယ် ။၎င်းကိုများသောအားဖြင့် မီးခိုးရောင် သို့မဟုတ် အနက်ရောင် အရိပ်များ ပါရှိပြီး သုတ်ပိုးဝေလငါးများ ရဲ့ အစာခြေစနစ်မှ ထုတ်လုပ်ပါတယ် ။ ပုံမှန်ကျောက်တုံးတစ်ခုလို ဖြစ်နေသော်လည်း၊ ဝေလငါးအန် ဖက်က အမှန်တကယ် တန်ဖိုးကြီးတဲ့ ရေမွှေးများမှာ သုံးလေ့ရှိတဲ့ အရာတစ်ခုဖြစ်ပါတယ် ။

ရေမွှေးမှာသုံးတဲ့ ရှားပါးပစ္စည်းတွေထဲက တစ်ခုဖြစ်လို့ အရမ်းဈေးကြီးပါတယ် ။ လောလောဆယ်မှာ ။ အရည်အသွေးအမြင့်မားဆုံးဖြစ်တဲ့ အန်ဖတ်က တစ်ကီလိုဂရမ်ဆိုရင် US$20,000 ဖြင့် ရောင်းချနိုင်ပါ တယ် ။

Comments

Popular posts from this blog

မြွေအကောင် တစ်ထောင်နဲ့ အတူတူနေတဲ့ မြွေဟောက်ဘုရင်မ