မြွေအကောင် တစ်ထောင်နဲ့ အတူတူနေတဲ့ မြွေဟောက်ဘုရင်မ



 မြွေအကောင် တစ်ထောင်နဲ့ အတူတူနေတဲ့ မြွေဟောက်ဘုရင်မ(Cobra Queen)။ တရုတ်နိုင်ငံမှာ မြွေဟောက်ဘုရင်မဆိုပြီး နာမည်ကြီးနေတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။တရုတ်ရဲ့ Cobra Queen လို့ခေါ်ကြတဲ့ လူသိများရတဲ့ အကြောင်းအရင်းကတော့ မြွေတွေအများကြီး မွေးမြူထားလို့ပါ။


သူမရဲ့ နာမည်ကတော့ Hu Xiaoxia ပါ။ Hu Xiaoxia ဟာ Chongqing ဆိုတဲ့မြို့မှာ ကိုယ်ပိုင်မြွေသားဖောက်မွေးမြူထားတဲ့ ခြံတစ်ခြံပိုင်ဆိုင်ထားသူပါ။ အဲ့ဒီမှာ မြွေတွေအများကြီးကို မွေးမြူစောင့်ရှောက်ထားတာပါ။ မြွေတွေကို (၂၀၁၄) တည်းက မွေးလာခဲ့တာဖြစ်ပြီး အကောင်ရေ တစ်ထောင်လောက်ရှိတယ်လို့ သိရပါတယ်။


မြွေတွေနဲ့ပတ်သက်ပြီး အများကြီး သင်ယူလေ့လာခဲ့ပါတယ်။ သူမမွေးမြူထားတဲ့ မြွေတွေက အမျိုးအစားတစ်ခုတည်းမဟုတ်ပါဘူး။ အမျိုးအစား မျိုးစုံဖြစ်ပြီး မြွေဟောက်လည်း ပါပါတယ်။ မြွေတွေမွေးထားတဲ့ အခန်းကို သန့်ရှင်းရေး လုပ်တဲ့ အလုပ်နဲ့ သူမရဲ့တစ်နေ့တာမနက်ခင်းကို စတင်သူပါ။မြွေတွေ နေဖို့အတွက် အပူချိန်နဲ့စိုထိုင်းဆ အဆင်ပြေ၊မပြေ စစ်ဆေးပေးရတယ်လို့ Hu ကပြောပါတယ်။


Hu က မြွေဝိုင်ဆိုပြီးတော့လည်း ထုတ်ရောင်းပါတယ်။ အဲ့ဒီဝိုင်ဟာ ဆေးဖက်ဝင်တယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်ဆိုပြီး ဒေသခံတွေကတော့ ဆေးဖြစ်ဝါးဖြစ် မှီဝဲကြပါတယ်။ မြွေဟောက်အရေပြားဟာ ရေပူတွေကို သန့်စင်ပေးနိုင်တဲ့ (hot-water purifier)လို့ တရုတ်တိုင်းရင်းဆေးလောကမှာ ယူဆထားကြပါတယ်။


မြွေဟောက်ဟာ အဆိပ်အရမ်းပြင်းတဲ့ မြွေအမျိုးအစားဆိုပေမယ့် သူမကတော့ နေ့စဉ်ထိတွေ့ ဆက်ဆံကြောင်း မြွေဟောက်ကိုက်ရင် ဘာလုပ်ရမလဲဆိုတာကို သိသင့်ကြောင်း ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကိုလည်း သိထားသင့်တယ်လို့ Hu ကပြောပါတယ်။

Comments

Popular posts from this blog

ကမ်းခြေမှာ လမ်းလျှောက်ရင်း ဒေါ်လာ ၃၂၀,၀၀၀ တန်တဲ့ ဝေလငါးအန်ဖက်လုံးကြီးကို တွေ့ရှိခဲ့တဲ့ ဆင်းရဲသားတံငါသည်တစ်ဦး